သတင်းဌာနများ၏ စိုးရိမ်မှုများအပေါ် Burma 24 ၏ အသိပေးချက်

မြန်မာ့သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်ုပ်တို့ Burma 24 ၏ ကြိုးပမ်းအားထုတ်မှုများကို နားလည်ပေးကြသော သတင်းဌာနများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

လွတ်လပ်သော သတင်းမီဒီယာအချို့နှင့် မီဒီယာလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသူ အချို့တို့၏ မူပိုင်ခွင့်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကျွန်ုပ်တို့ ကြားသိရပါသည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် မည်သည့်အခါမျှ မူပိုင်ခွင့် ချိုးဖောက်ရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ Burma 24 သည် သတင်းများပိုမို ကျယ်ပြန့်စွာ ဖြန့်ဝေနိုင်ရေးနှင့် သတင်းဌာနများ၏ စာဖတ်ပရိသတ် ပိုမိုရရှိစေရေးကိုသာ ရည်ရွယ်ပါသည်။

Burma 24 သည် သတင်းမီဒီယာများ၏ အခွင့်အရေးကို လေးစားသောအားဖြင့် အောက်ပါအချက်များကို အလေးထား ဆောင်ရွက်ပါသည်။

သတင်းမျှဝေခြင်းမူဝါဒ (Content Sharing Protocol)

Burma 24 တွင် သတင်းမျှဝေခြင်းနှင့် ပတ်သက်သည့် မူဝါဒ ရှင်းလင်းစွာ ရေးဆွဲထားပြီး အဆိုပါ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်လျက် ရှိပါသည်။

ပူးပေါင်းဆောင်ရွက်မှုအတွက် ဖိတ်ခေါ်ခြင်း

Burma 24 အနေဖြင့် မြန်မာ့သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလိုသော သတင်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါသည်။ သတင်းမျှဝေခြင်းနှင့် ပတ်သက်၍ သတင်းဌာနများ၏ အကြံပြုချက်များကိုလည်း ကျွန်ုပ်တို့ ကြိုဆိုပါသည်။

သတင်းဌာနများထံမှ တောင်းဆိုချက်များ

သတင်းမျှဝေခြင်းနှင့် ပတ်သက်၍ မည်သည့် တောင်းဆိုချက်မဆို ရှိပါက [email protected] သို့ အီးမေးလ်ပေးပို့၍ ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုချက်များကို အလေးထား စဉ်းစားပြီး အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။

Burma 24's Clarification on Concerns of News Agencies

We would like to extend our special thanks to all the news agencies that understand and support Burma 24’s efforts for the development of Myanmar’s media industry.

We have heard concerns from some independent media and those working in the media industry regarding copyright issues. We would like to respectfully inform you that our actions are never intended to infringe on copyrights. Burma 24 aims solely to distribute news more widely and to help news agencies reach a larger audience.

Burma 24 respects the rights of news media and ensures that the following principles are upheld:

Content Sharing Protocol

Burma 24 has a clear policy on content sharing, which we strictly adhere to.

Invitation for Collaboration

Burma 24 is open to collaboration with news agencies that wish to support the development of Myanmar’s media industry. We welcome suggestions from news agencies regarding news sharing.

Requests from News Agencies

For any requests related to news sharing, please contact us via email at [email protected]. We will carefully consider all requests and respond promptly.

Thank you.

The Burma 24 Team

မာတိကာ