မီဒီယာ အသိဉာဏ်

Our Services

သတင်းတု၊ သတင်းမှားများကို ဖေါ်ထုတ်ခြင်း

တိကျမှန်ကန်သော သတင်းအချက်အလက်များကို မျှဝေရန် တာဝန်သည် သတင်းထောက်များ သို့မဟုတ် မီဒီယာဌာနများအပေါ်တွင်သာ မူတည်ခြင်း မဟုတ်ကြောင်း သတိရပါ။ ကျွန်ုပ်တို့ ဖတ်ရှုပြီး မျှဝေသည့်အရာကို ဝေဖန်ပိုင်းခြား သုံးသပ်ရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။

အသေးစိတ် ဖတ်ရှုရန် »

သင့်သတင်း၏ ရင်းမြစ်ကို သိရှိခြင်း၏ အစွမ်း

Echo Chamber ထဲ ပိတ်မိနေပြီလား?
ကိုယ့်ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းတွေကိုပဲ ကြားနေရတာ၊ တစ်ဖက်သတ်အမြင်တွေနဲ့ပဲ ကြုံနေရတာမျိုး ဖြစ်နေပါသလား။ ဒီလို echo chamber ကနေ လွတ်မြောက်ဖို့ သတင်းရင်းမြစ် ကွဲပြားမှုရဲ့ အရေးပါမှုကို ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

အသေးစိတ် ဖတ်ရှုရန် »

Clickbait: လူမှုကွန်ရက်များ၏ အမှိုက်ပုံ

လူမှုကွန်ရက်တွေမှာ သတင်းတွေ ကြည့်ရှုရင်း “နောက်ဘာဖြစ်လာမလဲ သင် မယုံနိုင်စရာပဲ” ဒါမှမဟုတ် “ဒီရိုးရှင်းတဲ့ အကွက်တစ်ခုက အရာအားလုံးကို ပြောင်းလဲပေးလိမ့်မယ်” ဆိုတဲ့ ခေါင်းစဉ်မျိုးတွေကို မကြာခဏ တွေ့နေရပါတယ်။ Clickbait လို့ လူသိများတဲ့ ဒီလို ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်တွေက သင့်ရဲ့ သိချင်စိတ်၊ အံ့သြစိတ်ကို နှိုးဆွပြီး

အသေးစိတ် ဖတ်ရှုရန် »

သတင်းမှားတွေ ကျွန်ုပ်တို့ကို ဘယ်လိုလှည့်စားသလဲ

ကြော်ငြာတစ်ခု ဒါမှမဟုတ် သတင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါကြားရတဲ့အခါ အဲဒီအရာက မှန်တယ်လို့ လက်ခံလာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောတရားတစ်ခု ရှိပါတယ်။ ဒါကို စိတ်ပညာရှင်တွေက “Illusory Truth Effect” လို့ ခေါ်ပါတယ်။ တစ်ခုခုကို ကြိမ်ဖန်များစွာ ကြားရတဲ့အခါ ဦးနှောက်က အလွယ်တကူ လက်ခံ၊ နားလည်လာပြီး အမှန်တရားလို့

အသေးစိတ် ဖတ်ရှုရန် »

သတင်း ဖတ်ရှုခြင်း

သတင်းခေါင်းစဉ်နှင့် သတင်းအစ (Lead) သည် သတင်းတစ်ပုဒ်၏ အနှစ်ချုပ်ကို ဖော်ပြပေးသည့် အစိတ်အပိုင်းများ ဖြစ်ကြပြီး သတင်းတစ်ပုဒ်လုံးကို ဖတ်ရှုရန် ဆုံးဖြတ်ချက်ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

အသေးစိတ် ဖတ်ရှုရန် »

ဖုန်းသုံးသူတိုင်း သိသင့်တဲ့ အင်တာနက်အသုံးအနှုန်း

ဒိုမိန်းနာမည်တွေက အင်တာနက်ပေါ်က ကွန်ပျူတာတွေကို ခွဲခြားသိရှိနိုင်အောင် ကူညီပေးပြီး အသုံးပြုသူတွေအနေနဲ့ ဝက်ဘ်ဆိုဒ်တွေကို နံပါတ်တွေ အစား နာမည်နဲ့ ရှာဖွေ ဝင်ရောက်နိုင်အောင် လုပ်ပေးပါတယ်။

အသေးစိတ် ဖတ်ရှုရန် »

သတင်းစာပညာရပ်နှင့် သတင်းသမားများ၏ အခန်းကဏ္ဍ

သတင်းစာပညာရပ်သည် လူ့အဖွဲ့အစည်းတစ်ရပ်၏ ဒီမိုကရေစီစနစ်၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့် ကဏ္ဍများစွာအပေါ် အရေးပါသော သက်ရောက်မှုများ ရှိပါသည်။

အသေးစိတ် ဖတ်ရှုရန် »

သတင်းစာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ

သတင်းစာဖတ်ရှုခြင်းဖြင့် ရရှိလာသော အသိပညာ၊ အတွေးအခေါ်များသည် နိုင်ငံရေးနှင့် လူမှုရေး ပါဝင်ဆောင်ရွက်မှုများတွင် ထိရောက်စွာ ပါဝင်နိုင်စေရန် အထောက်အကူ ဖြစ်စေပါသည်။

အသေးစိတ် ဖတ်ရှုရန် »

သတင်းများကို နားလည်ခြင်း - FAQs

သတင်းဆိုတာ အရေးကြီးတဲ့၊ ဒါမှမဟုတ် စိတ်ဝင်စားစရာလို့  လူအများယူဆတဲ့  လက်ရှိဖြစ်ရပ်တွေ၊ အချက်အလက်တွေကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးကနေ အားကစားနဲ့ ဖျော်ဖြေရေးအထိ အကြောင်းအရာများစွာကို လွှမ်းခြုံနိုင်တယ်။

သတင်းထောက်၊ ဂျာနယ်လစ်တွေဟာ သုတေသနပြုခြင်း၊ အချက်အလက်စုဆောင်းခြင်းနဲ့ လက်ရှိဖြစ်ရပ်တွေအကြောင်း  သတင်းဇာတ်လမ်းတွေရေးသားကြပါတယ်။  သူတို့ဟာ လူတွေကို ဆက်သွယ်မေးမြန်းခြင်း၊ ပွဲတွေတက်ရောက်ခြင်းနဲ့ အချက်အလက်တိကျသေချာစေဖို့ အမျိုးမျိုးသော သတင်းရင်းမြစ်ကိုကိုးကားတာ တိုင်ပင်ဆွေးနွေးတာတွေလုပ်ပါတယ်။

သတင်းဖြစ်ထိုက်တဲ့ အဖြစ်အပျက်တွေဆိုတာ  ပုံမှန်အားဖြင့် အချိန်နဲ့တပြေးညီ ဖြစ်ပွားနေတဲ့အကြောင်းအရာတွေဖြစ်တယ်။ လူအများအပြားနဲ့ သက်ဆိုင်ပြီး သိသာထင်ရှားတဲ့ သက်ရောက်မှုရှိတယ်။ အဲဒါတွေကတော့ အံ့အားသင့်ဖွယ်၊ အငြင်းပွားဖွယ် ဒါမှမဟုတ် အများသူငှာ စိတ်ဝင်စားတဲ့ အကြောင်းအရာတခုနဲ့ပက်သက်တဲ့ သတင်းအချက်အလက်အသစ်တွေကို ရိုးရိုးရှင်းရှင်း ဖေါ်ပြနိုင်တယ်။

ယုံကြည်ထိုက်တဲ့ သတင်းဆိုတာ တိကျတယ်၊ တရားမျှတပြီး ဘက်မလိုက်ဘူး။ အချက်အလက်စစ်ဆေးခြင်းနဲ့ ကျင့်ဝတ်ဆိုင်ရာ သမိုင်းကြောင်းရှိပြီး၊ ဂုဏ်သိက္ခာရှိတဲ့ သတင်းရင်းမြစ်တွေဆီကနေလာတယ်။  သူတို့ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ရှင်းလင်းတဲ့ တည်းဖြတ်မှုဆိုင်ရာ မူဝါဒတွေရှိတဲ့ အရင်းအမြစ်တွေကို ရှာဖွေပါ။

အစိုးရဝဘ်ဆိုဒ်တွေ၊ တရားဝင်ထုတ်ပြန်ချက်တွေ ဒါမှမဟုတ် ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေလိုမျိုး ယုံကြည်ရလောက်တဲ့ အရင်းမြစ်တွေကိုသုံးပြီး အချက်အလက်တွေကို အတည်ပြုပါ။  

အချို့သော သတင်းတွေမှာ နိုင်ငံရေးအရ မှီခိုအားထားမှု ဒါမှမဟုတ် အစီအစဉ်တစ်ခု ရှိနိုင်တယ်ဆိုတာ သတိပြုပါ။ ပြဿနာတစ်ရပ်ရပ်ရဲ့ ဘက်ပေါင်းစုံကို တင်ပြနိုင်တဲ့ မျှတတဲ့ သတင်းဖေါ်ပြမှုကို ရှာဖွေပါ။

သတင်း (News) တွေဟာ အချက်အလက်တွေကို အစီရင်ခံတင်ပြကြပြီး၊ ထင်မြင်ယူဆချက်(Opinion) ကတော့  ပုဂ္ဂိုလ်ရေးယုံကြည်ချက် ဒါမှမဟုတ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ဖော်ပြကြတယ်။ အဲဒီအကြောင်းအရာနှစ်မျိုးရဲ့ ခြားနားချက်ကို သတိပြုပါ။

သတင်းအတုဟာ မှားယွင်းတဲ့အချက်အလက်ကို သတင်းအမှန်အဖြစ် တင်ပြခြင်းဖြစ်ပါတယ်။ အာရုံခံစားမှုလွန်ကဲပုံပေါက်တဲ့ ခေါင်းစီးတွေ ဒါမှမဟုတ် အထောက်အထားနဲ့ ရင်းမြစ်ရှင်းလင်းမှုကင်းမဲ့တဲ့ သတင်းတွေကိုသတိထားပါ။ အထူးသဖြင့် မယုံရလောက်ဘူးထင်ရင်၊ သတင်းတခုကို မယုံကြည်ခင် အခြားသတင်းအရင်းတွေနဲ့ စစ်ဆေးပါ။



အတည်မပြုဘဲ ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ အချက်အလက်တွေကို သံသယဖြစ်ပါစေ။ သတင်းအချက်အလက်ရင်းမြစ်ကို စစ်ဆေးပါ၊ သတင်းကိုဖော်ပြတဲ့ ယုံကြည်ရလောက်တဲ့ အရင်းအမြစ်များစွာကို ရှာဖွေပါ၊ စိတ်လှုပ်ရှားဖွယ် ခေါင်းစီးပါတဲ့သတင်းတွေကို သတိထားပါ။

သတင်းဝဘ်ဆိုဒ်တွေဖတ်ခြင်း၊ ပေါ့တ်ကာစ် နားထောင်ခြင်း ဒါမှမဟုတ် သတင်းထုတ်လွှင့်မှုတွေကို ကြည့်ရှုခြင်းအပါအဝင် အသိပေးနေတဲ့ နည်းလမ်းများစွာရှိပါတယ်။ Myanmar 24 ဟာ တစ်နေရာတည်းမှာ အမျိုးမျိုးသော သတင်းရင်းမြစ်တွေရဲ့ သတင်းတွေကိုရှာဖို့ အဆင်ပြေတဲ့နည်းလမ်းကို ပေးပါတယ်။

ရင်းမြစ်ရဲ့ ဂုဏ်သတင်း၊ သူတို့ပေးတဲ့ အယ်ဒီတာ့အာဘော်ဆိုင်ရာ မူဝါဒတွေနဲ့၊  ပံ့ပိုးပေးဖို့ အဆိုပြုထားတဲ့ အထောက်အထားတွေကို သုံးသပ်ကြည့်ပါ။ တိကျမှုနဲ့ တရားမျှတမှု မှတ်တမ်းရှိတဲ့ အဖွဲ့အစည်းတွေကို ရှာဖွေပါ။

ဆိုရှယ်မီဒီယာဟာ အဖိုးတန်သတင်းရင်းမြစ်တစ်ခုဖြစ်နိုင်ပေမယ့် သုံးစွဲသူတွေဟာ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနဲ့ သံသယစိတ်ကို ကျင့်သုံးရမှာဖြစ်ပါတယ်။ အကြောင်းအရာကို သတိထားပြီး မမျှဝေမီ အချက်အလက်ကို စစ်ဆေးပါ။



သတင်းတွေကို ပုံစံအမျိုးမျိုးနဲ့ အမျိုးအစားခွဲနိုင်ပေမယ့် အချို့သော ဘုံအမျိုးအစားတွေကတော့ ထူးခြားတဲ့ မျက်မှောက်ဖြစ်ရပ်တွေဖြစ်ကြပါတယ်။၊ စုံစမ်းထောက်လှမ်းဂျာနယ်လစ်ဇင် – Investigation (အကြောင်းအရာတစ်ခုအပေါ် နက်ရှိုင်းစွာသုတေသနပြုဖော်ထုတ်ခြင်း)၊ ဇာတ်လမ်းများ – Feature (အသေးစိတ်အကြောင်းအရာကို ရှာဖွေခြင်း) နဲ့ ထင်မြင်ချက် – Opinion (ကိုယ်ရေးကိုယ်တာအမြင်များကို ဖော်ပြခြင်း) တို့ ပါဝင်ပါတယ်။ 

သတင်းတွေကို သတင်းစာ၊ ဝဘ်ဆိုဒ်၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ ဆိုရှယ်မီဒီယာနဲ့ ပေါ့တ်ကာစ်တွေအပါအဝင် ချန်နယ်အမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးကတဆင့် ပေးပို့နိုင်ပါတယ်။