အကြောင်းအရာ မျှဝေမှု စံသတ်မှတ်ချက်

Burma 24 သည် သတင်းအဖွဲ့အစည်းများ၏ ဉာဏပစ္စည်းမူပိုင်ခွင့်များနှင့် မူပိုင်ခွင့်ဥပဒေ၏ အရေးကြီးသောအခန်းကဏ္ဍကို အခိုင်အမာ ထောက်ခံသည်။ ကျွန်ုပ်တို့ အဓိကထားသည့် အချက်မှာ   သတင်းအေဂျင်စီများနှင့် ပူးပေါင်း  ဆောင်ရွက်မှုများကို ဦးစားပေးလုပ်ဆောင်ပါသည်။ သက်ဆိုင်ရာ သတင်းဌာနများက ဖော်ပြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပိုင်ဆိုင်ခွင့်ကို ထိန်းသိမ်းသည့်အပြင်  သတင်းဌာနများ၏ကြိုးပမ်းအားထုတ်မှုများကို အားကောင်းစေသည့် နည်းလမ်းများကို ရှာဖွေတွေ့ရှိရန် ရည်မှန်းထားသည်။

၁။ ခေါင်းစီးများကို ကန့်သတ်ပြသခြင်း

Burma 24 သည် သတင်းဌာနများ၏ သတင်းခေါင်းစဉ်များနှင့် အတိုချုပ်များကို အဓိက ဖော်ပြပေးသည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် စာဖတ်သူများအား လက်ရှိ ဖြစ်ပေါ်နေသော သတင်းအကြောင်းအရာများကို အမြန် လေ့လာနိုင်ရန် အဆင်ပြေစေရုံသာမက မူရင်း ဝဘ်ဆိုဒ်များရှိ အပြည့်အစုံ သတင်းဆောင်းပါးများကို လွယ်ကူစွာ ဝင်ရောက် ဖတ်ရှုနိုင်ရန် ရည်ရွယ်ပါသည်။ မူပိုင်ခွင့် ဥပဒေများကို လေးစားလိုက်နာမှု ရှိစေရန်အတွက် သတင်းခေါင်းစဉ်များနှင့် အတိုချုပ်များကိုသာ ဖော်ပြပေးခြင်း ဖြစ်ပါသည်။

၂။ ရှင်းလင်းသောရည်ညွှန်းချက်နှင့် ချိတ်ခြင်း
  • သတင်းရင်းမြစ် ဖော်ပြခြင်း။ သတင်းခေါင်းစဉ်တိုင်းအား သက်ဆိုင်ရာသတင်းဌာနများမှ ဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြကာ မူလရင်းမြစ်အား သင့်လျော်မှန်ကန်သည့် အသိအမှတ်ပြုမှု ပေးသည်။ 
  • တိုက်ရိုက်လင့်ခ်များ။ သတင်းခေါင်းစီးများကို မူရင်းသတင်းဌာန၏ ဝဘ်ဆိုက်ရှိ အပြည့်အစုံ သတင်းဆောင်းပါးများထံ တိုက်ရိုက် ချိတ်ဆက်ပေးထားပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် စာဖတ်သူများအား မူရင်းသတင်း အပြည့်အစုံကို ဖတ်ရှုနိုင်ရန် တိုက်ရိုက် လမ်းညွှန်ပေးနိုင်သလို၊ မူရင်း သတင်းဌာနသည်လည်း သင့်လျော်သော ဝင်ရောက်ဖတ်ရှုမှု (Traffic) နှင့် အားပေးမှု (Engagement) ရရှိစေရန် ရည်ရွယ်ပါသည်။
၃။ အကြောင်းအရာ ထပ်ပွား ဖော်ပြခြင်းမရှိပါ
  • သတင်းဆောင်းပါး အပြည့်အစုံ မဖော်ပြခြင်း။ Burma 24 အနေဖြင့် မူရင်း စာရေးသူ သို့မဟုတ် ထုတ်ဝေသူထံမှ ကြိုတင် ခွင့်ပြုချက် မရဘဲ သတင်းဆောင်းပါး အပြည့်အစုံ သို့မဟုတ် ဆောင်းပါး၏ အစိတ်အပိုင်း အများအပြားကို ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် ပြန်လည် ဖော်ပြမည်မဟုတ်ပါ။ သတင်းအကြောင်းအရာများသည် မူရင်း သတင်းဌာန၏ ဉာဏပစ္စည်း ဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ပြီး ၎င်းတို့၏ ဖြန့်ချိမှုနှင့် အကျိုးအမြတ် ရရှိမှုဆိုင်ရာ သီးသန့်အခွင့်အရေးများကို လေးစားပါသည်။
  • အကြောင်းအရာ အကျဉ်းချုပ် ဖော်ပြခြင်း။ ကျွန်ုပ်တို့သည် သတင်းဆောင်းပါးများမှ အကျဉ်းချုပ် အချို့ကို ထည့်သွင်းဖော်ပြနိုင်သော်လည်း ၎င်းတို့သည် အနည်းငယ်မျှသာ ဖြစ်ပြီး မူရင်းသတင်းရင်းမြစ်ကို ဖော်ပြ၍ အကြောင်းအရာ၏ အနှစ်ချုပ် သို့မဟုတ် အကြိုကြည့်ရှုခြင်းကိုသာ ရည်ရွယ်ပါသည်။
၄။ ဓာတ်ပုံနှင့် ဗီဒီယို မူပိုင်ခွင့်ကို လေးစားလိုက်နာခြင်း
  • အခြားသူပိုင် ဓာတ်ပုံ/ဗီဒီယိုများ။ သတင်းတိုများတွင် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများ ပါဝင်ပါက Burma 24 အနေဖြင့် နမူနာပုံ (thumbnails) သို့မဟုတ် အရည်အသွေးနိမ့် ကြည့်ရှုခြင်း (low-resolution previews) ကိုသာ ပြသပေးပါမည်။ အရွယ်အစား အပြည့်အစုံပါဝင်သော အကြောင်းအရာများကို ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် မတင်ပြထားဘဲ၊ သုံးစွဲသူများ အနေဖြင့် မူရင်း သတင်းဌာန၏ ပလက်ဖောင်းသို့ သွားရောက်၍ ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားပါသည်။
၅။ မူပိုင်ခွင့်ဆိုင်ရာ အသိပေးချက်များ

Burma 24 အနေဖြင့် သတင်းဌာနများ၏ ဝဘ်ဆိုဒ်များတွင် ဖော်ပြထားသည့် မူပိုင်ခွင့်ဆိုင်ရာ အသိပေးချက်များကို လေးစားလိုက်နာပြီး ဖယ်ရှားခြင်း သို့မဟုတ် ပြင်ဆင်ခြင်း မပြုလုပ်ပါ။ ဤအသိပေးချက်များသည် မူပိုင်ခွင့်ပိုင်ရှင်များ၏ အခွင့်အရေးများကို ကာကွယ်ရန် အရေးကြီးကြောင်း ကျွန်ုပ်တို့ နားလည်ပြီး ၎င်းတို့ကို အပြည့်အဝ လိုက်နာပါသည်။

၆။ ဖယ်ရှားရေး မူဝါဒ
  • လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း။ သတင်းဌာနတစ်ခုသည် မိမိ၏ မူပိုင်ခွင့် ချိုးဖောက်ခံရသည်ဟု ယုံကြည်ပါက Burma 24 တွင် ရှင်းလင်းပြတ်သားပြီး ထိရောက်သော ဖယ်ရှားရေး လုပ်ငန်းစဉ် ချမှတ်ထားပါသည်။ မူပိုင်ခွင့် ချိုးဖောက်မှု ကိစ္စရပ်များသည် အရေးတကြီး ဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ပြီး တရားဝင်သော မူပိုင်ခွင့် ချိုးဖောက်မှု တိုင်ကြားချက် ရရှိပါက အကြောင်းအရာကို ချက်ချင်း ဖယ်ရှားပေးပါမည်။
  • ဆက်သွယ်ရန် အချက်အလက်များ။ ဖယ်ရှားပေးရန် တောင်းဆိုချက်များ ပေးပို့နိုင်ရန် ဆက်သွယ်ရန် အချက်အလက်များကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် အထင်အရှား ဖော်ပြထားပါသည်။ မူပိုင်ခွင့်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိပါက သတင်းဌာနများ အနေဖြင့် ကျွန်ုပ်တို့ထံ အလွယ်တကူ ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။

Burma 24 အနေဖြင့် မူပိုင်ခွင့်ချိုးဖောက်မှု တိုင်ကြားချက်များကို အမြန်ဆုံး ဖြေရှင်းပေးပါမည်။ တိုင်ကြားချက် တင်သွင်းရန် အောက်ပါ အချက်အလက်များ ပေးပို့ရန် မေတ္တာရပ်ခံပါသည်။

  1. သင်၏ မူပိုင်ခွင့် ချိုးဖောက်ခံရသည်ဟု ယုံကြည်သော မူပိုင်ခွင့်ရ အလုပ်၏ အထောက်အထား။
  2. Burma 24 တွင် သင်၏ မူပိုင်ခွင့် ချိုးဖောက်သည်ဟု ယူဆရသော အကြောင်းအရာကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိနိုင်ရန် URL သို့မဟုတ် အကြောင်းအရာ၏ အသေးစိတ် ဖော်ပြချက် ပေးပို့ပါ။
  3. သင့်အား ဆက်သွယ်နိုင်မည့် အချက်အလက်များ။
  4. မူပိုင်ခွင့် ပိုင်ရှင်က အသုံးပြုခွင့် မပေးထားကြောင်း သင် ယုံကြည်ကြောင်း ဖော်ပြချက်။

မူပိုင်ခွင့် တိုင်ကြားချက်များကို ဤနေရာတွင် ပေးပို့နိုင်ပါသည်။ – ဖယ်ရှားရန်တောင်းဆိုခြင်း

၇။ ပူးပေါင်းဆောင်ရွက်ခြင်း

Burma 24 သည် မြန်မာနိုင်ငံရှိ သတင်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ထားပါသည်။ မူပိုင်ခွင့်ကို လေးစားလိုက်နာပြီး သတင်းလောက၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည့် လိုင်စင်သဘောတူညီချက်များ (Licensing agreement) သို့မဟုတ် အခြား အပြန်အလှန် အကျိုးရှိမည့် စီစဉ်မှုများအား ဆောင်ရွက်ရန် အသင့်ရှိပါသည်။ အတူတကွ လက်တွဲဆောင်ရွက်ခြင်းဖြင့် သတင်းဌာနများနှင့် စာဖတ်သူများ အကျိုးရှိစေမည့် ရေရှည်တည်တံ့ပြီး တက်ကြွသော သတင်းပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဟု ယုံကြည်ပါသည်။

Burma 24 အနေဖြင့် ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများတွင် ကျင့်ဝတ်နှင့် တရားဥပဒေစံနှုန်းများကို လိုက်နာရန် ကတိကဝတ်ပြုထားပြီး သတင်းဌာနများ၊ မူပိုင်ခွင့်ပိုင်ရှင်များနှင့် အပြန်အလှန် လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးကို ထိန်းသိမ်းရန် အစဉ်တစိုက် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။