CJ သတင်းသမားဆိုတာ ဘာလဲ?

ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ လူတိုင်းလက်ထဲ စမတ်ဖုန်းတွေနဲ့။ အင်တာနက်လည်း အလွယ်တကူ အသုံးပြုနိုင်ကြပြီ။ ဒါကြောင့် သတင်းအချက်အလက်တွေကို လူတိုင်း လက်လှမ်းမီနိုင်သလို၊ ကိုယ်တွေ့ကြုံတွေ့ရတာကို အချိန်နဲ့တပြေးညီ မျှဝေနိုင်တဲ့အခြေအနေကို ရောက်လာပါပြီ။ ဒါကြောင့်ပဲ သမားရိုးကျ သတင်းဌာနတွေအပြင် CJ လို့ခေါ်တဲ့ Citizen Journalist (ပြည်သူ့သတင်းသမား) တွေ ပေါ်ထွက်လာတာပါ။

CJ သတင်းသမားဆိုတာ ဘာလဲ?

CJ သတင်းသမားဆိုတာ သတင်းဌာနတစ်ခုခုက တရားဝင် ခန့်အပ်ထားခြင်း မဟုတ်ဘဲ ကိုယ်တိုင် သတင်းရယူ၊ သတင်းရေးသား၊ သတင်းဖြန့်ဝေတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်တာပါ။ သူတို့ဟာ သတင်းစာပညာကို တက္ကသိုလ်တွေမှာ၊ သင်တန်းတွေမှာ သင်ကြားခဲ့သူတွေ မဖြစ်နိုင်ပေမယ့် ကိုယ်တွေ့မြင်တဲ့ ဖြစ်ရပ်မှန်တွေကို လူမှုကွန်ရက်၊ ဘလော့ဂ်၊ ဒါမှမဟုတ် တခြား အွန်လိုင်းပလက်ဖောင်းတွေမှာ မျှဝေလေ့ရှိပါတယ်။

ဘာကြောင့် CJ သတင်းသမားတွေ ပေါ်လာတာလဲ?

ဒီဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ စမတ်ဖုန်းတွေ၊ အင်တာနက်တွေက သတင်းအချက်အလက်တွေကို အလွယ်တကူ ရယူပြီး မျှဝေနိုင်အောင် လုပ်ပေးတာကြောင့် လူတိုင်း သတင်းသမား ဖြစ်လာနိုင်ခြေ မြင့်မားလပါတယ်။ ပြီးတော့ တချို့နိုင်ငံတွေမှာ သမားရိုးကျ သတင်းဌာနတွေအပေါ် ယုံကြည်မှု ကျဆင်းလာတာကြောင့် လူတွေ ကိုယ်တိုင် သတင်းရယူ ဖြန့်ဝေလာကြပါတယ်။ ဒါ့အပြင် လူမှုအရေးအခင်းတွေ၊ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့အခါ သမားရိုးကျ သတင်းဌာနတွေ မရောက်နိုင်တဲ့ နေရာတွေက သတင်းအချက်အလက်တွေကို ဖြည့်ဆည်းပေးနိုင်တာကြောင့် CJ သတင်းသမားတွေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

CJ သတင်းသမားတွေ ဘယ်လို အရေးပါကြသလဲ?

  • သမားရိုးကျ သတင်းဌာနတွေ မဖော်ပြနိုင်တဲ့ ဒေသတွင်း သတင်းအချက်အလက်တွေ၊ လူမှုအဖွဲ့အစည်းတွေရဲ့ အသံတွေကို CJ သတင်းသမားတွေက ဖော်ထုတ် တင်ပြပေးနိုင်ပါတယ်။
  • CJ သတင်းသမားတွေက ပြည်သူလူထုရဲ့ နေ့စဉ်ဘဝ၊ စိတ်ဝင်စားမှုတွေနဲ့ သဘောထားအမြင်တွေကို ပိုမို ထင်ဟပ်ပြောဆိုပေးနိုင်ပါတယ်။
  • သဘာဝဘေးအန္တရာယ်တွေ၊ အရေးပေါ် အခြေအနေတွေမှာ CJ သတင်းသမားတွေက အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက်တွေ ပေးပို့နိုင်ပြီး အသက်တွေကို ကယ်တင်ရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ဒီအချက်တွေကြောင့် CJ သတင်းသမားတွေဟာ ဒီဂျစ်တယ်ခေတ်မှာ မီဒီယာလောကရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် သူတို့မှာလည်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ အဲဒါတွေကို နောက်ထပ် အပိုင်းတွေမှာ ဆက်လက် ဆွေးနွေးကြည့်ကြရအောင်။

ပြည်သူ့သတင်းသမား – Citizen Journalist

မာတိကာ

CJ သတင်းသမားဆိုတာ ဘာလဲ?

ဖုန်းတစ်လုံးနဲ့ အင်တာနက်သာ ရှိရင် သင်လည်း ပြည်သူ့သတင်းသမား CJ တယောက် ဖြစ်နိုင်ပါတယ်။ ကိုယ်တွေ့မြင်ရတဲ့ ဖြစ်ရပ်တွေကို ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်တွေမှာ မျှဝေပေးရုံပါပဲ။ ဒါပေမယ့် သတင်းတစ်ပုဒ်ရဲ့ တိကျမှန်ကန်မှု၊ ကျင့်ဝတ်နဲ့ ညီညွတ်မှုတွေကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

CJ သတင်းသမားတွေရဲ့ စိန်ခေါ်မှုများ

CJ သတင်းသမား အများစုဟာ သတင်းပညာနဲ့ ပတ်သက်တဲ့ တက္ကသိုလ်တွေက ဘွဲ့ရပညာတတ်တွေ မဟုတ်တာကြောင့် သတင်းရဲ့ အရေးပါတဲ့ အချက်တွေဖြစ်တဲ့ တိကျမှန်ကန်မှု၊ ဘက်မလိုက်မှု၊ ချိန်ခွင်လျှာညှိမှုတွေကို အားနည်းတတ်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက်တွေကို သေချာစိစစ်ပြီးမှ ဖြန့်ဝေဖို့ အရေးကြီးပါတယ်။