CJ သတင်းသမားတွေရဲ့ စိန်ခေါ်မှုများ

CJ သတင်းသမားတွေ သတိထားရမယ့် အချက်တွေက ဘာတွေလဲ?

စမတ်ဖုန်းတစ်လုံးနဲ့ လူတိုင်း သတင်းသမားဖြစ်လာနိုင်တဲ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ လွတ်လပ်စွာ သတင်းဖော်ထုတ်မှုဟာ အရင်ကထက် ပိုမိုလွယ်ကူလာပါတယ်။ ဒါပေမဲ့ ဒီလွယ်ကူမှုနဲ့အတူ သတင်းအမှန် ဖော်ထုတ်ရာမှာ သတိထားရမယ့် အချက်တွေ၊ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေလည်း ရှိလာပါတယ်။

၁။ သတင်းအချက်အလက် တိကျမှန်ကန်မှု

CJ သတင်းသမား အများစုဟာ သတင်းပညာနဲ့ ပတ်သက်တဲ့ တက္ကသိုလ်တွေက ဘွဲ့ရပညာတတ်တွေ မဟုတ်တာကြောင့် သတင်းရဲ့ အရေးပါတဲ့ အချက်တွေဖြစ်တဲ့ တိကျမှန်ကန်မှု၊ ဘက်မလိုက်မှု၊ ချိန်ခွင်လျှာညှိမှုတွေကို အားနည်းတတ်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက်တွေကို သေချာစိစစ်ပြီးမှ ဖြန့်ဝေဖို့ အရေးကြီးပါတယ်။

၂။ သတင်းရင်းမြစ် စိစစ်မှု

သတင်းရင်းမြစ်ကို စိစစ်တယ်ဆိုတာ သတင်းအချက်အလက်ရဲ့ ယုံကြည်စိတ်ချရမှုကို အကဲဖြတ်တာပါ။ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အားလုံးက အမှန်တရား မဟုတ်ပါဘူး။ သတင်းတစ်ပုဒ်ဟာ အမှန်ဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထားခိုင်လုံမှု ရှိမရှိ စိစစ်ဖို့ လိုပါတယ်။

၃။ သတင်းသမားကျင့်ဝတ်

သတင်းသမားတစ်ယောက်အနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိပါတယ်။ ဥပမာ – လူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဖို့၊ မမှန်မကန် သတင်းတွေ မဖြန့်ဝေဖို့၊ သတင်းရင်းမြစ်ကို လျှို့ဝှက်ထားဖို့ စတဲ့ အချက်တွေပါ။ ဒီကျင့်ဝတ်တွေကို လိုက်နာမှသာ လူအများရဲ့ ယုံကြည်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

၎။ လုံခြုံရေး

အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေ၊ အရေးအခင်းတွေကို သတင်းယူတဲ့အခါ CJ သတင်းသမားတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ လုံခြုံရေးအတွက် သတင်းယူတဲ့အခါ သတိထားရမယ့် အချက်တွေကို ကြိုတင် လေ့လာသိရှိထားဖို့ လိုပါတယ်။

၅။ အတွေ့အကြုံနှင့် လေ့ကျင့်မှု

သတင်းစာပညာကို တက္ကသိုလ်မှာ သင်ကြားခဲ့သူတွေ မဟုတ်ပေမယ့် သတင်းရေးသားနည်း၊ ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးနည်းတွေကို လေ့လာသင်ယူပြီး အတွေ့အကြုံရအောင် ကြိုးစားဖို့ လိုပါတယ်။ ဒါမှသာ အရည်အသွေးပြည့်ဝပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

၆။ စိတ်ဓာတ်ခွန်အား

သတင်းသမားတစ်ယောက်အနေနဲ့ စိတ်ဓာတ်ခွန်အား ခိုင်မာဖို့ အရေးကြီးပါတယ်။ တစ်ခါတစ်လေမှာ ဝေဖန်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် မိမိရဲ့ ရည်မှန်းချက်ကို မလျှော့သော ဇွဲလုံ့လ၊ သတ္တိနဲ့ ရှေ့ဆက်လျှောက်လှမ်းဖို့ အရေးကြီးပါတယ်။

ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်ဆိုရင် CJ သတင်းသမားတွေဟာ လွတ်လပ်ပြီး တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးနိုင်သူတွေ ဖြစ်လာပြီး မီဒီယာလောကရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်မှာပါ။

မီဒီယာကျင့်ဝတ်

သတင်းမှန်ဖော်ထုတ်တင်ဆက်ရာမှာ ကျင့်ဝတ်က အရေးပါဆုံး အခြေခံသဘောတရားဖြစ်ပါတယ်။ ဒါကြောင့် CJ သတင်းသမားတွေအနေနဲ့ သတင်းမီဒီယာကျင့်ဝတ်ကို နားလည်လိုက်နာဖို့ လိုပါတယ်။

  • သတင်းရင်းမြစ်ကို လေးစားခြင်း။ သတင်းရင်းမြစ်တွေကို လေးစားပြီး သူတို့ရဲ့ အမည်ကို ဖော်ပြခွင့်၊ မဖော်ပြခွင့်တို့ကို မေးမြန်းသင့်ပါတယ်။
  • တိကျမှန်ကန်မှု။ သတင်းတစ်ပုဒ်ဟာ တိကျမှန်ကန်ဖို့ အရေးကြီးပါတယ်။ ကိုယ်တိုင် မျက်မြင်မတွေ့ရတဲ့ သတင်းတွေ၊ ကြားသိရတဲ့ သတင်းတွေကို တတ်နိုင်သလောက် သေချာစိစစ်ပြီးမှ ဖြန့်ဝေသင့်ပါတယ်။
  • မျှတမှု။ သတင်းရေးသားတင်ပြရာမှာ ဘက်လိုက်မှုမရှိဖို့၊ တစ်ဖက်သတ် မဖြစ်ဖို့ အထူးဂရုစိုက်ရပါမယ်။
  • လူ့အခွင့်အရေး လေးစားမှု။ လူတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးကို လေးစားပြီး သတင်းရေးသား တင်ပြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ လူနည်းစုအုပ်စုတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်မှု မရှိစေဖို့ ဂရုပြုရပါမယ်။
  • တာဝန်ယူမှု တာဝန်ခံမှု။ ကိုယ်ရေးသားတင်ပြတဲ့ သတင်းအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့ လိုပါတယ်။ အကယ်၍ သတင်းမှား ဖြန့်ဝေမိခဲ့ရင် ပြန်လည် ပြင်ဆင်ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ်။

မာတိကာ

CJ သတင်းသမားဆိုတာ ဘာလဲ?

ဖုန်းတစ်လုံးနဲ့ အင်တာနက်သာ ရှိရင် သင်လည်း ပြည်သူ့သတင်းသမား CJ တယောက် ဖြစ်နိုင်ပါတယ်။ ကိုယ်တွေ့မြင်ရတဲ့ ဖြစ်ရပ်တွေကို ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်တွေမှာ မျှဝေပေးရုံပါပဲ။ ဒါပေမယ့် သတင်းတစ်ပုဒ်ရဲ့ တိကျမှန်ကန်မှု၊ ကျင့်ဝတ်နဲ့ ညီညွတ်မှုတွေကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

CJ သတင်းသမားတွေရဲ့ စိန်ခေါ်မှုများ

CJ သတင်းသမား အများစုဟာ သတင်းပညာနဲ့ ပတ်သက်တဲ့ တက္ကသိုလ်တွေက ဘွဲ့ရပညာတတ်တွေ မဟုတ်တာကြောင့် သတင်းရဲ့ အရေးပါတဲ့ အချက်တွေဖြစ်တဲ့ တိကျမှန်ကန်မှု၊ ဘက်မလိုက်မှု၊ ချိန်ခွင်လျှာညှိမှုတွေကို အားနည်းတတ်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက်တွေကို သေချာစိစစ်ပြီးမှ ဖြန့်ဝေဖို့ အရေးကြီးပါတယ်။