သင့် အွန်လိုင်းဘဝ၏ မှတ်တမ်း

ဒစ်ဂျစ်တယ်ခြေရာ (Digital Footprint)

ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ ကျွန်ုပ်တို့ဟာ အင်တာနက်ပေါ်မှာ နေ့စဉ် သတင်းအချက်အလက်တွေ ရှာဖွေလေ့လာ၊ ဆက်သွယ်ပြောဆို၊ ဈေးဝယ်၊ ငွေပေးချေ စသည်ဖြင့် လုပ်ဆောင်မှုများစွာ ပြုလုပ်နေကြပါတယ်။ ဒီလို လုပ်ဆောင်မှုတိုင်းက ကျွန်ုပ်တို့ရဲ့ ဒစ်ဂျစ်တယ်ခြေရာ (digital footprint) ကို ဖြစ်ပေါ်စေပါတယ်။ ဒီခြေရာတွေက ကျွန်ုပ်တို့ရဲ့ အွန်လိုင်း လှုပ်ရှားမှုတွေ၊ စိတ်ဝင်စားမှုတွေ၊ ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြနေပါတယ်။ ဒစ်ဂျစ်တယ်ခြေရာ ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးသလဲ၊ ဘယ်လို ကာကွယ်ရမလဲ။

ဒီဂျစ်တယ်ခြေရာကို လူတစ်ဦးရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေနဲ့ ၎င်းတို့အသုံးပြုတဲ့ စက်ပစ္စည်းတွေကို ခြေရာခံရန် အသုံးပြုနိုင်တယ်။ တစ်ခါတစ်ရံမှာ digital shadow သို့မဟုတ် electronic footprint ဟုလည်း ခေါ်ဆိုပါတယ်။ ဒစ်ဂျစ်တယ်ခြေရာ ဆိုတာ အင်တာနက် ဒါမှမဟုတ် ဒီဂျစ်တယ် ပတ်ဝန်းကျင်မှာ ကျွန်ုပ်တို့ လုပ်ဆောင်  လှုပ်ရှားမှုတွေကနေ ကျန်ရစ်ခဲ့တဲ့ အချက်အလက်တွေ အားလုံးကို ဆိုလိုပါတယ်။ ဒီအထဲမှာ သင့်ရဲ့ လူမှုကွန်ရက် ပို့စ်တွေ၊ ဝက်ဘ်ဆိုဒ်တွေမှာ လုပ်ခဲ့တဲ့ comment တွေ၊ အီးမေးလ်တွေ၊ online စျေးဝယ်မှုတွေ၊ ဒါ့အပြင် သင် ဝင်ရောက်ကြည့်ရှုခဲ့တဲ့ ဝက်ဘ်ဆိုဒ်တွေရဲ့ မှတ်တမ်းတွေ အားလုံး ပါဝင်ပါတယ်။ ဒီအချက်အလက်တွေက သင့်ရဲ့ စိတ်ဝင်စားမှုတွေ၊ အလေ့အထတွေ၊ တည်နေရာ အစရှိတာတွေကို ဖော်ပြပေးနိုင်ပါတယ်။

ဒီဂျစ်တယ်ခြေရာက ကျွန်ုပ်တို့ရဲ့ အွန်လိုင်းဘဝရဲ့ မှတ်တမ်းတစ်ခုလိုပါပဲ။ ဒီမှတ်တမ်းကို အခြေခံပြီး ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေ အစရှိသဖြင့် သင့်အကြောင်း သိရှိနိုင်ပါတယ်။ ဒီအချက်အလက်တွေကို သူတို့ အသုံးချပုံကတော့ အကောင်းရော အဆိုးပါ ဖြစ်နိုင်ပါတယ်။

အကောင်းဘက်က ဘာတွေလဲ

  • သင်စိတ်ဝင်စားတဲ့ ကြော်ငြာတွေကို သင်တွေ့ရှိနိုင်ပါတယ်။
  • သင့်အတွက် ကိုယ်ပိုင် စိတ်ကြိုက်ပြုလုပ်ထားတဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်ပါတယ်။
  • သင့်စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို တွေ့ရှိနိုင်ပါတယ်။
  • လူမှုကွန်ရက်တွေမှာ သင့်နဲ့ စိတ်ဝင်စားမှု တူညီသူတွေကို ရှာဖွေ ချိတ်ဆက်ပေးနိုင်ပါတယ်။

အဆိုးဘက်မှာရော ဘာတွေရှိမလဲ

  • သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးယူခံရနိုင်ပါတယ်။
  • အွန်လိုင်းပေါ်မှာ အနိုင်ကျင့်ခံရခြင်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
  • သင့်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်တဲ့ အချက်အလက်တွေ ပျံ့နှံ့ခြင်းကို ကြုံရနိုင်တယ်။
  • အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခြင်းတွေလည်း ရင်ဆိုင်ရနိုင်တယ်။
  • ငွေကြေးဆိုင်ရာ လိမ်လည်မှုများတွေကိုလည်း ဖြစ်ပွားနိုင်ပါတယ်။

ဒါဆိုရင် … ဒစ်ဂျစ်တယ်ခြေရာကို ဘယ်လို ကာကွယ်မလဲ?

လုံခြုံရေး ဆက်တင်များကို ဂရုစိုက်ပါ။ သင့်ရဲ့ social media အကောင့်တွေ၊ အခြားသော အွန်လိုင်း အကောင့်တွေရဲ့ လုံခြုံရေး ဆက်တင်တွေကို ပုံမှန် စစ်ဆေးပြီး လိုအပ်သလို ပြင်ဆင်ပါ။

Strong Password များ အသုံးပြုပါ။ အက္ခရာအကြီး၊ အက္ခရာအသေး၊ ဂဏန်းနဲ့ အထူးသင်္ကေတတွေ ပါဝင်တဲ့ password ခိုင်ခိုင်မာမာထားရှိပါ။

အများသုံး Wi-Fi များကို ရှောင်ပါ။ အများသုံး Wi-Fi ကွန်ရက်တွေကနေ အင်တာနက် သုံးတာကို ရှောင်ကြဉ်ပါ။ ဒီလို ကွန်ရက်တွေက သင့်ရဲ့ အချက်အလက်တွေကို ခိုးယူဖို့ ပိုလွယ်ပါတယ်။

Software နှင့် Operating System များကို အဆင့်မြှင့်တင်ပါ။ သင့်ရဲ့ ကွန်ပျူတာ၊ ဖုန်း စတာတွေမှာ သုံးနေတဲ့ software နဲ့ operating system တွေကို ပုံမှန် Update လုပ်ပြီး အဆင့်မြှင့်တင်ခြင်းဖြင့် လုံခြုံရေး အားနည်းချက်တွေကို ဖာထေးနိုင်ပါတယ်။

Antivirus software အသုံးပြုပါ။ သင့်ရဲ့ ကွန်ပျူတာနဲ့ ဖုန်းတွင် malware ကာကွယ်ရေး ဆော့ဖ်ဝဲလ်များ ထည့်သွင်း အသုံးပြုပါ။

Suspicious emails နှင့် links များကို သတိထားပါ။ မသိသော သို့မဟုတ် သံသယဖြစ်ဖွယ် အီးမေးလ်များကို မဖွင့်ပါနဲ့။ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်များရှိ လင့်ခ်တွေကို နှိပ်တော့မယ်ဆိုရင် သတိထားပါ။ အဲဒါတွေက သင့်ကို phishing ဝက်ဘ်ဆိုက်များ သို့မဟုတ် malware ဒေါင်းလုပ်လုပ်သည့် ဆိုက်များဆီသို့ ပို့ဆောင်နိုင်ပါတယ်။

လူမှုကွန်ရက်များတွင် privacy settings များ ချိန်ညှိပါ။ သင် မျှဝေတဲ့ အကြောင်းအရာတွေကို မည်သူမြင်နိုင်မလဲ၊ ဘယ်သူတွေကို မမြင်စေချင်သလဲ ထိန်းချုပ်ဖို့ သင့်လူမှုမီဒီယာ အကောင့်များရဲ့ privacy settings များကို ချိန်ညှိပါ။

အွန်လိုင်းတွင် ကိုယ်ရေးအချက်အလက် မျှဝေခြင်းကို သတိထားပါ။ သင့်အမည်၊ မွေးသက္ကရာဇ်၊ လိပ်စာ၊ ဖုန်းနံပါတ် သို့မဟုတ် အခြားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အွန်လိုင်းတွင် မျှဝေသည့်အခါတွင် သတိထားပါ။ ယုံကြည်ရသော ဝဘ်ဆိုက်များ သို့မဟုတ် အက်ပ်များတွင်သာ ဤအချက်အလက်များကို မျှဝေသင့်သည်။

အွန်လိုင်းတွင် သင့်ပုံရိပ်ကို ဂရုစိုက်ပါ။ သင် အွန်လိုင်းတွင် မည်သို့ တင်ပြသည်ကို သတိပြုပါ။ သင့်လူမှုမီဒီယာပို့စ်များ၊ မှတ်ချက်များနှင့် အခြားအကြောင်းအရာများကို သတိထား၍ ဖန်တီးပါ။ အကယ်၍ သင်သည် သင့်အကြောင်း အွန်လိုင်းတွင် မကောင်းသော အရာများ ရှာဖွေတွေ့ရှိပါက၊ ၎င်းတို့ကို ဖယ်ရှားရန် သို့မဟုတ် ဖြေရှင်းရန် ကြိုးစားပါ။

ဒစ်ဂျစ်တယ်ခြေရာဟာ ဒီဂျစ်တယ်ခေတ်ရဲ့ မလွဲမသွေ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ သို့သော် ကျွန်ုပ်တို့ရဲ့ အွန်လိုင်း ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ကာကွယ်ရန် သတိပြုရန် အရေးကြီးပါတယ်။ အထက်ဖော်ပြပါ အကြံပြုချက်များကို လိုက်နာခြင်းဖြင့် ကျွန်ုပ်တို့ဟာ ဒစ်ဂျစ်တယ် ကမ္ဘာကြီးကို ပိုမို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည်ဖြစ်ပါတယ်။

မာတိကာ

သတင်းတု၊ သတင်းမှားများကို ဖေါ်ထုတ်ခြင်း

တိကျမှန်ကန်သော သတင်းအချက်အလက်များကို မျှဝေရန် တာဝန်သည် သတင်းထောက်များ သို့မဟုတ် မီဒီယာဌာနများအပေါ်တွင်သာ မူတည်ခြင်း မဟုတ်ကြောင်း သတိရပါ။ ကျွန်ုပ်တို့ ဖတ်ရှုပြီး မျှဝေသည့်အရာကို ဝေဖန်ပိုင်းခြား သုံးသပ်ရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။ 

သင့်သတင်း၏ ရင်းမြစ်ကို သိရှိခြင်း၏ အစွမ်း

Echo Chamber ထဲ ပိတ်မိနေပြီလား?
ကိုယ့်ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းတွေကိုပဲ ကြားနေရတာ၊ တစ်ဖက်သတ်အမြင်တွေနဲ့ပဲ ကြုံနေရတာမျိုး ဖြစ်နေပါသလား။ ဒီလို echo chamber ကနေ လွတ်မြောက်ဖို့ သတင်းရင်းမြစ် ကွဲပြားမှုရဲ့ အရေးပါမှုကို ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဒစ်ဂျစ်တယ်စွဲလမ်းမှုကို တိုက်ဖျက်ခြင်း

ဒီဂျစ်တယ်ခေတ်ကြီးမှာ ကျွန်တော်တို့ ဘဝတွေဟာ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေနဲ့ မကင်းနိုင်သလောက် ဖြစ်နေပါပြီ။ အဆက်မပြတ် အသိပေးချက်တွေ၊ စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ လူမှုဆက်ဆံရေးတွေကြားမှာ ဘယ်အချိန်မှာမှ မျက်နှာပြင်နဲ့ ဝေးမနေနိုင် ဖြစ်နေပါတယ်။ ဒီလို ဒစ်ဂျစ်တယ် စက်ပစ္စည်းတွေကို အလွန်အကျွံ အသုံးပြုမိတာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို လက်တွေ့ဘဝ ဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

Clickbait: လူမှုကွန်ရက်များ၏ အမှိုက်ပုံ

လူမှုကွန်ရက်တွေမှာ သတင်းတွေ ကြည့်ရှုရင်း “နောက်ဘာဖြစ်လာမလဲ သင် မယုံနိုင်စရာပဲ” ဒါမှမဟုတ် “ဒီရိုးရှင်းတဲ့ အကွက်တစ်ခုက အရာအားလုံးကို ပြောင်းလဲပေးလိမ့်မယ်” ဆိုတဲ့ ခေါင်းစဉ်မျိုးတွေကို မကြာခဏ တွေ့နေရပါတယ်။ Clickbait လို့ လူသိများတဲ့ ဒီလို ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်တွေက သင့်ရဲ့ သိချင်စိတ်၊ အံ့သြစိတ်ကို နှိုးဆွပြီး လင့်ခ်ကို နှိပ်ချင်အောင် ဖန်တီးထားတာပါ။

သတင်းမှားတွေ ကျွန်ုပ်တို့ကို ဘယ်လိုလှည့်စားသလဲ

ကြော်ငြာတစ်ခု ဒါမှမဟုတ် သတင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါကြားရတဲ့အခါ အဲဒီအရာက မှန်တယ်လို့ လက်ခံလာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောတရားတစ်ခု ရှိပါတယ်။ ဒါကို စိတ်ပညာရှင်တွေက “Illusory Truth Effect” လို့ ခေါ်ပါတယ်။ တစ်ခုခုကို ကြိမ်ဖန်များစွာ ကြားရတဲ့အခါ ဦးနှောက်က အလွယ်တကူ လက်ခံ၊ နားလည်လာပြီး အမှန်တရားလို့ ထင်မြင်လာတတ်ပါတယ်။

သင့် အွန်လိုင်းဘဝ၏ မှတ်တမ်း

ဒီဂျစ်တယ်ခြေရာကို လူတစ်ဦး၏ အွန်လိုင်းလှုပ်ရှားမှုများနှင့် ၎င်းတို့အသုံးပြုသည့် စက်ပစ္စည်းများကို ခြေရာခံရန် အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံတွင် digital shadow သို့မဟုတ် electronic footprint ဟုလည်း ခေါ်ဆိုပါသည်။

ဓာတ်ပုံရိုက်ကူးခြင်း နည်းစနစ်များ

1. ကောင်းမွန်သော ဓာတ်ပုံတစ်ပုံအတွက် အခြေခံအစိတ်အပိုင်းများ
2. မတူညီသော ရိုက်ချက်များ (Wide Shot, Medium Shot, Close-up) နှင့် ၎င်းတို့၏ အသုံးပြုပုံ
3. လှုပ်ရှားနေသော အရာဝတ္ထုများကို ရိုက်ကူးနည်းများ (Panning, Freezing Action)
4. လူများကို ဓာတ်ပုံရိုက်ရာတွင် သတိပြုရမည့် အချက်များ
5. သတင်းဓာတ်ပုံ ပုံစာရေးသားနည်းများ (Photo Caption)

ဗွီဒီယို ရိုက်ကူးခြင်း နည်းစနစ်များ

၁။ ဗွီဒီယို ရိုက်ချက် အမျိုးအစားများ
၂။ ကင်မရာ ရွေ့လျားပုံ အမျိုးအစားများ
၃။ တည်ငြိမ်သော ရိုက်ချက် ရရှိရန် နည်းလမ်းများ
၄။ အင်တာဗျူး ရိုက်ကူးနည်းများ

သတင်း ဖတ်ရှုခြင်း

သတင်းခေါင်းစဉ်နှင့် သတင်းအစ (Lead) သည် သတင်းတစ်ပုဒ်၏ အနှစ်ချုပ်ကို ဖော်ပြပေးသည့် အစိတ်အပိုင်းများ ဖြစ်ကြပြီး သတင်းတစ်ပုဒ်လုံးကို ဖတ်ရှုရန် ဆုံးဖြတ်ချက်ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။