လူအများနောက်ကို လိုက်ပါခြင်း

𝐁𝐚𝐧𝐝𝐰𝐚𝐠𝐨𝐧 ဆိုသည်မှာ စီတန်းလှည့်လည်ပွဲတွင် တီးဝိုင်းကို တင်ဆောင်သွားသည့် လှည်းတစ်စီး ဖြစ်ပါသည်။ “Bandwagon ပေါ်သို့ ခုန်တက်လိုက်ပါ” ဟူသော စကားစုသည် ၁၈၄၈ ခုနှစ်တွင် အမေရိကန်နိုင်ငံရေး၌ ပထမဆုံးပေါ်လာခဲ့ပြီး ထိုအချိန်က နာမည်ကြီးပြီး လူကြိုက်များသော ဆပ်ကပ်ပြက်လုံးသမား ဒန်ရိုက်စ်က သူ၏ လှည်းတီးဝိုင်းနှင့် တေးဂီတကို မဲဆွယ်စည်းရုံးရေးတွင် အာရုံစိုက်လာစေရန် အသုံးပြုခဲ့သည်။
၂၀ ရာစုအစောပိုင်းတွင် လှည်းများသည် နိုင်ငံရေး မဲဆွယ်စည်းရုံးမှုများတွင် အလွန်အသုံးများလာပြီး “လှည်းပေါ်ခုန်တက်” ဟူသော စကားရပ်သည် မိမိ၏ မူဝါဒ သို့မဟုတ် ယုံကြည်ချက်များနှင့် ဆန့်ကျင်နေလျှင်ပင် လူအများစု၏ အစိတ်အပိုင်းတစ်ခုဖြစ်လိုသော လူမှုရေးဖြစ်ရပ်ကို ဖော်ပြရန် အသုံးပြုသည့် စကားလုံးတစ်ခု ဖြစ်လာခဲ့သည်။ – [ 𝑃𝑜𝑙𝑖𝑡𝑖𝑐𝑎𝑙 𝐷𝑖𝑐𝑡𝑖𝑜𝑛𝑎𝑟𝑦]
 

ဆိုရှယ်မီဒီယာပေါ်က “လှည်းနောက်လိုက်” အပြုအမူများ

 
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ “လှည်းနောက်လိုက်” တဲ့ အပြုအမူတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် လူကြိုက်များတဲ့ post တစ်ခုကို အကြောင်းအရင်း သေချာမသိဘဲ Like လုပ်တာ၊ Share တာမျိုးတွေပါ။ ခေတ်စားနေတဲ့ စိန်ခေါ်မှုတွေမှာလည်း ဘာကြောင့် ပါဝင်နေမှန်း သေချာမသိဘဲ အခြားသူတွေ လုပ်လို့ လိုက်လုပ်တတ်ကြပါတယ်။ လူအများပြောနေတဲ့ သတင်းအမှားတွေ၊ အတည်မပြုနိုင်တဲ့ အယူအဆတွေကိုလည်း မစစ်ဆေးဘဲ လွယ်လွယ်ကူကူ ယုံကြည်တတ်ကြပါတယ်။ ဒါ့အပြင် ကြော်ငြာကောင်းလို့၊ လူသုံးများလို့ဆိုပြီး ကိုယ်တကယ်မလိုအပ်တဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို လိုက်ဝယ်ယူတတ်တဲ့ အကျင့်တွေဟာလည်း “လှည်းနောက်လိုက်” တဲ့ သဘောတရားရဲ့ သက်ရောက်မှုတွေပါပဲ။
 
“လှည်းနောက်လိုက်” တဲ့ အကျင့်ရဲ့ အဓိကဆိုးကျိုးတစ်ခုကတော့ မှားယွင်းတဲ့ သတင်းအချက်အလက်တွေ အလွယ်တကူ ပျံ့နှံ့သွားနိုင်တာပါပဲ။ မစစ်ဆေးဘဲ လူအများ ယုံကြည်နေတဲ့ သတင်းအမှားတွေကို မျှဝေမိခြင်းအားဖြင့် အများပြည်သူကို ထိခိုက်စေနိုင်ပါတယ်။ နောက်ထပ် ဆိုးကျိုးတစ်ခုကတော့ ကိုယ့်ရဲ့ အမြင်ကို ကျဉ်းမြောင်းစေနိုင်တာပါပဲ။ လူအများရဲ့ အမြင်နဲ့ မတူညီတဲ့ အယူအဆတွေကို လျစ်လျူရှုမိတတ်ပြီး ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ်နိုင်စွမ်းကို လျော့နည်းစေပါတယ်။ နောက်ဆုံးအနေနဲ့ “လှည်းနောက်လိုက်” တဲ့ သဘောတရားကြောင့် လူတွေဟာ အလွယ်တကူ လှည့်စားခံရနိုင်ပါတယ်။ လူအများသဘောကျအောင် ဖန်တီးထားတဲ့ အကြောင်းအရာတွေမှာ နစ်မြောသွားပြီး မှန်ကန်တဲ့ အသိဉာဏ်ကို မရရှိနိုင်တော့ပါဘူး။
 
“လှည်းနောက်လိုက်” တဲ့ အကျင့်ကို တားဆီးဖို့အတွက် မီဒီယာအသိပညာတတ်မြောက်ရေး (Media Literacy) ဟာ အဓိကသော့ချက်ပါပဲ။ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပြီး မြင်သမျှ၊ ကြားသမျှကို ချက်ချင်းမယုံကြည်ဘဲ ကိုယ့်ရဲ့ အသိဉာဏ်နဲ့ သုံးသပ်ဆင်ခြင်သင့်ပါတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်ကို တန်ဖိုးထားရပါမယ်။ အများနဲ့ မတူညီတဲ့ အတွေးအခေါ်ရှိတာဟာ မှားတာမဟုတ်ဘဲ တစ်ဦးချင်းစီရဲ့ ထူးခြားမှုဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တစ်ခုခုကို တုံ့ပြန်တော့မယ်ဆိုရင် စိတ်ခံစားချက်နောက်ကို လိုက်ပါမယ့်အစား အချိန်ယူစဉ်းစားပြီးမှ တုံ့ပြန်တာဟာ မှားယွင်းမှုကို ရှောင်ရှားနိုင်မှာပါ။

မာတိကာ

လူအများနောက်ကို လိုက်ပါခြင်း

𝐁𝐚𝐧𝐝𝐰𝐚𝐠𝐨𝐧 ဆိုသည်မှာ စီတန်းလှည့်လည်ပွဲတွင် တီးဝိုင်းကို တင်ဆောင်သွားသည့် လှည်းတစ်စီး ဖြစ်ပါသည်။ “Bandwagon ပေါ်သို့ ခုန်တက်လိုက်ပါ” ဟူသော စကားစုသည် ၁၈၄၈ ခုနှစ်တွင် အမေရိကန်နိုင်ငံရေး၌ ပထမဆုံးပေါ်လာခဲ့ပြီး ထိုအချိန်က နာမည်ကြီးပြီး လူကြိုက်များသော ဆပ်ကပ်ပြက်လုံးသမား ဒန်ရိုက်စ်က သူ၏ လှည်းတီးဝိုင်းနှင့် တေးဂီတကို မဲဆွယ်စည်းရုံးရေးတွင် အာရုံစိုက်လာစေရန် အသုံးပြုခဲ့သည်။

“AI သတင်းထောက်များ” အနောက်မြောက် အာကင်ဆပ်ပြည်နယ်ရှိ နေ့စဉ်ဖြစ်ရပ်များကို တင်ဆက်နေ

အနောက်မြောက် အာကင်ဆပ်ပြည်နယ်မှာ AI နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဒေသဆိုင်ရာသတင်းတွေ ရောက်ရှိလာပါပြီ။ OkayNWA ဆိုတဲ့ ဝဘ်ဆိုက်ဟာ ဒေသတွင်းပွဲတွေနဲ့ သတင်းတွေကို AI သတင်းထောက်တွေနဲ့ တင်ဆက်ပေးနေတာပါ။

အွန်လိုင်းသတင်းဗီဒီယိုများ၏ မလိုအပ်သော အဆင်တန်ဆာ

အွန်လိုင်းသတင်းဗီဒီယိုများတွင် အဖွင့်ဂရပ်ဖစ်များ အသုံးမပြုသင့်သည့် အကြောင်းရင်းကို ဆွေးနွေးထားပါသည်။ အချိန်ကို တန်ဖိုးထားသော အွန်လိုင်းကြည့်ရှုသူများအတွက် အဖွင့်ဂရပ်ဖစ်များသည် အချိန်ဖြုန်းတီးစေပြီး ဗီဒီယိုကိုပင် ကြည့်ရှု့လိုစိတ်ကို လျော့နည်းစေနိုင်ပါသည်။

ကိုယ့်ဘက်ကိုယ်ယက် အတည်ပြုခြင်း – Confirmation Bias

လူသားတို့၏ ဦးနှောက်သည် အချက်အလက်များကို တိကျမှန်ကန်စွာ စီမံနိုင်စွမ်း အမြဲတမ်း မပြည့်စုံပေ။ လူတို့သည် အချက်အလက်များကို တိကျစွာ သုံးသပ်ခြင်းထက် မိမိနှစ်သက်ရာနှင့် ကိုက်ညီသည့် အချက်အလက်များကို ပိုမိုအာရုံစိုက်လေ့ရှိကြသည်။

သင့်သတင်း၏ ရင်းမြစ်ကို သိရှိခြင်း၏ အစွမ်း

Echo Chamber ထဲ ပိတ်မိနေပြီလား?
ကိုယ့်ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းတွေကိုပဲ ကြားနေရတာ၊ တစ်ဖက်သတ်အမြင်တွေနဲ့ပဲ ကြုံနေရတာမျိုး ဖြစ်နေပါသလား။ ဒီလို echo chamber ကနေ လွတ်မြောက်ဖို့ သတင်းရင်းမြစ် ကွဲပြားမှုရဲ့ အရေးပါမှုကို ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

သတင်းတု၊ သတင်းမှားများကို ဖေါ်ထုတ်ခြင်း

တိကျမှန်ကန်သော သတင်းအချက်အလက်များကို မျှဝေရန် တာဝန်သည် သတင်းထောက်များ သို့မဟုတ် မီဒီယာဌာနများအပေါ်တွင်သာ မူတည်ခြင်း မဟုတ်ကြောင်း သတိရပါ။ ကျွန်ုပ်တို့ ဖတ်ရှုပြီး မျှဝေသည့်အရာကို ဝေဖန်ပိုင်းခြား သုံးသပ်ရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။ 

ဒစ်ဂျစ်တယ်စွဲလမ်းမှုကို တိုက်ဖျက်ခြင်း

ဒီဂျစ်တယ်ခေတ်ကြီးမှာ ကျွန်တော်တို့ ဘဝတွေဟာ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေနဲ့ မကင်းနိုင်သလောက် ဖြစ်နေပါပြီ။ အဆက်မပြတ် အသိပေးချက်တွေ၊ စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ လူမှုဆက်ဆံရေးတွေကြားမှာ ဘယ်အချိန်မှာမှ မျက်နှာပြင်နဲ့ ဝေးမနေနိုင် ဖြစ်နေပါတယ်။ ဒီလို ဒစ်ဂျစ်တယ် စက်ပစ္စည်းတွေကို အလွန်အကျွံ အသုံးပြုမိတာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို လက်တွေ့ဘဝ ဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

Clickbait: လူမှုကွန်ရက်များ၏ အမှိုက်ပုံ

လူမှုကွန်ရက်တွေမှာ သတင်းတွေ ကြည့်ရှုရင်း “နောက်ဘာဖြစ်လာမလဲ သင် မယုံနိုင်စရာပဲ” ဒါမှမဟုတ် “ဒီရိုးရှင်းတဲ့ အကွက်တစ်ခုက အရာအားလုံးကို ပြောင်းလဲပေးလိမ့်မယ်” ဆိုတဲ့ ခေါင်းစဉ်မျိုးတွေကို မကြာခဏ တွေ့နေရပါတယ်။ Clickbait လို့ လူသိများတဲ့ ဒီလို ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်တွေက သင့်ရဲ့ သိချင်စိတ်၊ အံ့သြစိတ်ကို နှိုးဆွပြီး လင့်ခ်ကို နှိပ်ချင်အောင် ဖန်တီးထားတာပါ။

သတင်းမှားတွေ ကျွန်ုပ်တို့ကို ဘယ်လိုလှည့်စားသလဲ

ကြော်ငြာတစ်ခု ဒါမှမဟုတ် သတင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါကြားရတဲ့အခါ အဲဒီအရာက မှန်တယ်လို့ လက်ခံလာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောတရားတစ်ခု ရှိပါတယ်။ ဒါကို စိတ်ပညာရှင်တွေက “Illusory Truth Effect” လို့ ခေါ်ပါတယ်။ တစ်ခုခုကို ကြိမ်ဖန်များစွာ ကြားရတဲ့အခါ ဦးနှောက်က အလွယ်တကူ လက်ခံ၊ နားလည်လာပြီး အမှန်တရားလို့ ထင်မြင်လာတတ်ပါတယ်။

သင့် အွန်လိုင်းဘဝ၏ မှတ်တမ်း

ဒီဂျစ်တယ်ခြေရာကို လူတစ်ဦး၏ အွန်လိုင်းလှုပ်ရှားမှုများနှင့် ၎င်းတို့အသုံးပြုသည့် စက်ပစ္စည်းများကို ခြေရာခံရန် အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံတွင် digital shadow သို့မဟုတ် electronic footprint ဟုလည်း ခေါ်ဆိုပါသည်။