သတင်းပညာ အထောက်အကူ

ဤစာမျက်နှာတွင် သင့်အတွက် အထောက်အကူ ဖြစ်စေမည့် အရင်းအမြစ်များစွာကို စုစည်း ဖော်ပြထားပါသည်။ သင်လိုအပ်သော အချက်အလက်များ၊ လမ်းညွှန်ချက်များ၊ ပညာရပ်များ၊ ဆောင်းပါးများ နှင့် အခြားသော အထောက်အကူပြု အကြောင်းအရာများကို ဤနေရာတွင် ရှာဖွေ လေ့လာနိုင်ပါသည်။

သတင်းအမှန် သတင်းအမှား ခွဲခြားသိမြင်နိုင်ရန် အရေးကြီးသည်။ သတင်းများအား ဝေဖန်ပိုင်းခြား သုံးသပ်နိုင်စွမ်း၊ အရင်းအမြစ် စိစစ်နိုင်စွမ်း၊ သတင်းတွေရဲ့ သက်ရောက်မှုကို နားလည်နိုင်စွမ်းတွေ တိုးတက်စေရန် လေ့လာပါ။

သတင်းရေးသားမှု အခြေခံများ၊ သတင်းအမျိုးအစားများ၊ သတင်းရင်းမြစ် စိစစ်ခြင်း၊ သတင်းထောက် ကျင့်ဝတ်နှင့် စည်းကမ်းများ၊ သတင်းထောက်တစ်ဦးအတွက် လိုအပ်အသည့် အခြေခံဗဟုသုတများကို လေ့လာပါ။

သတင်းဗွီဒီယို ရိုက်ကူးခြင်း အခြေခံများ၊ ကင်မရာ ရွေးချယ်နည်း၊ အသံဖမ်းယူနည်း၊ အလင်းအမှောင် ချိန်ညှိနည်း၊ ဗွီဒီယို တည်းဖြတ်နည်းများနှင့် ဗွီဒီယိုသတင်းရေးသားနည်း စသည်တို့ကို လေ့လာပါ။

သတင်းဓာတ်ပုံ ရိုက်ကူးခြင်း အခြေခံများ၊ ကင်မရာ အသုံးပြုနည်း၊ ဓာတ်ပုံဖွဲ့စည်းမှု (Composition)၊ အလင်းအမှောင် ချိန်ညှိနည်း၊ သတင်းဓာတ်ပုံ အမျိုးအစားများ၊ ဓာတ်ပုံ တည်းဖြတ်ခြင်းအခြေခံ စသည့် အကြောင်းအရာများကို လေ့လာပါ။

မီဒီယာ နည်းပညာ

သတင်းမီဒီယာနှင့် ဖျော်ဖြေရေးမီဒီယာ နယ်ပယ်များတွင် အသုံးပြုသော ဗီဒီယိုထုတ်လုပ်ရေး၊ အသံဖမ်းယူမှု၊ ဓာတ်ပုံပညာ၊ ဒီဂျစ်တယ်တည်းဖြတ်မှုနှင့် ထုတ်လွှင့်မှုဆိုင်ရာ နည်းပညာများအကြောင်း အခြေခံမှ အဆင့်မြင့်အထိ လေ့လာပါ။

သတင်းမီဒီယာလောကတွင် ကျင်လည်ကျက်စားနေသူ သို့မဟုတ် စိတ်ဝင်စားသူတိုင်းအတွက် အသုံးဝင်သော eBook များကို ဒေါင်းလုဒ်ရယူပါ။ သတင်းမီဒီယာ ကျင့်ဝတ်၊ လုပ်ငန်းစဉ်များ၊ လက်တွေ့ကျသော လမ်းညွှန်ချက်များ စုစည်းထားပါသည်။